
ဂျူဗင်တပ်စ်အသင်းဟာ လိုင်လီအသင်းနဲ့ လမ်းခွဲထားတဲ့ ကနေဒါလက်ရွေးစင်တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒေးဗစ်(၂၅ နှစ်)ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။
၎င်းက ပြီးခဲ့တဲ့မေလမှာ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ အခုနွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
ယင်းနောက် အင်္ဂလိပ်ကလပ်တွေနဲ့ သတင်းထွက်ခဲ့ပါတယ်။
ဒေးဗစ်ဟာ လိုင်လီအသင်းမှာ ပြိုင်ပွဲ ၂၃၂ ပွဲကစားကာ ၁၀၉ ဂိုးသွင်း၊ ဂိုး ၃၀ ဖန်တီးခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ အမှတ်ပေးချန်ပီယံဆုရရှိအောင် ကူညီပေးခဲ့ပါတယ်။
၎င်းအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ လိုင်လီအသင်းကို မပြောင်းရွှေ့ခင် ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းမှာလည်း ကစားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ကနဦးသုံးနှစ်တာအတွက် ပေါင် ၁၀.၈ သန်းလောက် လစာငွေပေးချေရမယ်လို့ သိရပါတယ်။