Eleven Media Group

■ နောက်ခံလူ တော်မီယာဆုနဲ့ အာဆင်နယ်အသင်း နှစ်ဦးသဘောတူ လမ်းခွဲ

Photo: Arsenal

အာဆင်နယ်အသင်းဟာ ဂျပန်နောက်ခံလူ တော်မီယာဆုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

တော်မီယာဆု(၂၆ နှစ်)ဟာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဘိုလော့ဂ်နာအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၈၄ ပွဲ ကစားခဲ့ပါတယ်။

ဂျပန်လက်ရွေးစင်ဟာ အာဆင်နယ်အသင်း ညာနောက်ခံနေရာမှာ ချက်ချင်းအထိုင်ကျခဲ့ပြီး ၂၀၂၁ စက်တင်ဘာလနဲ့ ၂၀၂၃ အောက်တိုဘာလတွေမှာ အသင်းရဲ့တစ်လတာအကောင်းဆုံးဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တော်မီယာဆုဟာ နောက်ဆုံးနှစ်ရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရကာ ပွဲအနည်းငယ်ပဲ ကစားခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ အခြေအနေပိုဆိုးခဲ့ပြီး တစ်ပွဲသာ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။

တော်မီယာဆုဟာ ၂၀၁၈ ခုနှစ်ကတည်းက ဂျပန်လက်ရွေးစင်အသင်းနဲ့ ပွဲဦးထွက်ခဲ့ပြီး နိုင်ငံတကာပွဲ ၄၂ ပွဲ ကစားထားပါတယ်။

၎င်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေမှာ ကိုယ်စားပြုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group