Eleven Media Group

■ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အကြိုသုံးသပ်ချက်

Photos: Gettyimages

◘ PSG - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဇူလိုင် ၅ ရက် ည ၁၀:၃၀ နာရီ)

စိတ်ဓာတ်ပိုင်းချင်းယှဉ်ရင် ချန်ပီယံလိဂ်ဖလား ရယူထားတဲ့ PSG အသင်းက အသာစီးပိုရနေတယ်။ ဒါ့အပြင် လက်ရှိအသင်းလိုက် ဟန်ချက်မှာလည်း PSG က ဘိုင်ယန်ထက် နှာတစ်ဖျားပိုသာနေတယ်။ PSG တိုက်စစ်မှာ အူစမန်ဒမ်ဘီလီ ဂိုးသွင်းခြေကျ
နေတာပဲ အနည်းငယ်စိုးရိမ်စရာရှိတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် League Phase အဆင့်မှာ ဘိုင်ယန် အနိုင်ကစားခဲ့တဲ့ PSG အသင်း မဟုတ်တော့ဘူး။ ကွင်းလယ်လုပ်အားနှုန်းကလည်း PSG က ပိုကောင်းတဲ့အနေအထားရှိတယ်။ PSG ကိုပဲ
ရွေးချယ်ချင်တယ်။

◘ ရီးယဲလ်မက်ဒရစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဇူလိုင် ၆ ရက် နံနက် ၂:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်အသင်းက ကလပ်ကမ္ဘာ့ဖလားမှာ အကောင်းဆုံးပုံစံတော့ မရသေးဘူး။ ဒါပေမဲ့ တိုက်စစ်ပိုင်းအတွက် ဂွန်ဇာလိုဂါစီယာလို ကစားသမားတစ်ယောက် ရလိုက်တာက အသင်းအတွက် အမြတ်ပါပဲ။ အမ်ဘာပေ ပြီးခဲ့တဲ့ ၁၆ သင်းအဆင့်မှာ
လူစားဝင်ကစားခဲ့ပေမဲ့ အခုပွဲမှာ ပွဲထွက်ကစားမလားဆိုတာက ၅၀-၅၀ ပါပဲ။ ဒေါ့မွန်အသင်းက ပြီးခဲ့တဲ့လေးပွဲမှာ တိုက်လေးတိုက်က အသင်းလေးသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပါတယ်။ ဒီနှစ်သင်းအကြား အရှိန်အဝါကလည်း အတော်ကွာပါတယ်။ ရီးယဲလ်
အသင်း မိနစ် ၉၀ အတွင်း အနိုင်သေချာပါတယ်။

မူရင်းသတင်း — Eleven Media Group