Eleven Media Group

■ ဂစ်တန်စ်ကို ချယ်လ်ဆီးကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်

ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းက ခေါ်ယူထားတဲ့ အင်္ဂလန်တောင်ပံကစားသမား ဂစ်တန်စ် ကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

ချယ်လ်ဆီးအနေနဲ့ ၂၀ နှစ်အရွယ် ဂစ်တန်စ်အတွက် ကနဦး ပေါင် ၄၈.၅ သန်းနဲ့ add-ons ပေါင် ၃.၅ သန်း ပေးချေရမှာဖြစ်တယ်။

ဂစ်တန်စ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ခုနစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်လည်းဖြစ်သူ ဂစ်တန်စ်အနေနဲ့ ၂၀၂၀ ပြည့်နှစ်က မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။

၎င်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၇ ပွဲကစားကာ ၁၇ ဂိုးသွင်း၊ ၁၄ ဂိုး ဖန်တီးခဲ့ပါတယ်။

ဂစ်တန်စ်ဟာ လက်ရှိမှာ ဒေါ့မွန်အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေလို့ အသင်းနဲ့ တရားဝင်တော့ မပူးပေါင်းနိုင်သေးပါဘူး။

ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီမှာ အစ်ဝစ်ချ်တိုက်စစ်မှူး ဒယ်လပ်၊ ဘရိုက်တန်တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရို၊ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ အက်ဆူဂို၊ စထရာဘိုးနောက်ခံလူ မာမာဒူဆားတို့ကို ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group