Eleven Media Group

ဂျိုတာ ကွယ်လွန်ခဲ့တာကြောင့် ဘောလုံးကစားရတာ ခက်ခဲခဲ့တယ်လို့ အာနိုးလ် ဆို

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ အာနိုးလ်က လီဗာပူးလ်အသင်းဖော်ဟောင်း ဂျိုတာ ကွယ်လွန်ခဲ့တာကြောင့် ဘောလုံးကစားရတာ ခက်ခဲခဲ့တယ်လို့ ဒေါ့မွန်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အာနိုးလ်ဟာ ဂျိုတာနဲ့အတူ လီဗာပူးလ်အသင်းမှာ (၅)နှစ်ကြာ တွဲကစားခဲ့သူဖြစ်ပြီး ဒီနွေမှာမှ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
ဂျိုတာ(၂၈ နှစ်)ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားနဲ့အတူ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်အသင်းက မြန်မာစံတော်ချိန် ဒီနေ့ နံနက်အစောပိုင်းမှာ ဒေါ့မွန်အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရတာကြောင့် အာနိုးလ်က ခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့တာပါ။
'' ကျွန်တော် ကိုယ့်အလုပ်ကို အာရုံစိုက်ပြီး တတ်နိုင်သမျှ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ခက်ခဲခဲ့ပါတယ်။ ဒါကို ကျွန်တော် မညာချင်ပါဘူး။ ဂျိုတာက ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေထဲက တစ်ယောက်ပါ။ ကျွန်တော် ခြေစွမ်းပြတာကို သူ မြင်ချင်မယ်ဆိုတာလည်း သေချာပါတယ်။ သူ ဒီမှာ ကျွန်တော်နဲ့အတူ ရှိနေမှာ သေချာပါတယ်။ ကျွန်တော်တို့က အဝတ်လဲခန်းတစ်ခုကို (၅)နှစ်ကြာ အတူသုံးစွဲခဲ့ကြသူတွေပါ။ သူနဲ့ ပတ်သက်တဲ့ မမေ့နိုင်စရာ အမှတ်တရာများစွာ ရှိနေပါတယ်'' လို့ အာနိုးလ်က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group