
ဝက်စ်ဟမ်းအသင်းက ဂါနာလက်ရွေးစင် တိုက်စစ်ကစားသမား ကူဒူစ်အတွက် စပါးအသင်းရဲ့ ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကူဒူစ်(၂၄ နှစ်)ကို ၂၀၂၃ နွေရာသီတုန်းက အေဂျက်စ်အသင်းဆီကနေ ပေါင် (၃၈)သန်းနဲ့ ခေါ်ယူခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းက ကူဒူစ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပေါင်(၈၅)သန်းတန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားတယ်လို့လည်း သိရပါတယ်။
ကူဒူစ်ဟာ ဝက်စ်ဟမ်းအသင်းမှာ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်တာကြောင့် လက်ရှိအချိန်မှာ ထိပ်သီးအသင်း (၆)သင်းလောက်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းက စပါးရဲ့ ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး ချယ်လ်ဆီးအသင်းကလည်း ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။