
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီကို ယူရို(၈၅)သန်းနဲ့ ကမ်းလှမ်းဖို့စီစဉ်နေတယ်လို့ သိရပါတယ်။
မာတင်နယ်လီ(၂၄ နှစ်)ဟာ အာဆင်နယ်အသင်း နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပေမဲ့ နည်းပြ အာတီတာက သူ့ရဲ့စွမ်းဆောင်ရည်ကို စိတ်တိုင်းကျခြင်းမရှိပါဘူး။
ဒါကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိရင် ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်းလည်း သတင်းထွက်နေပါတယ်။
ဒါကြောင့် အယ်လ်နာဆာအသင်းက မာတင်နယ်လီကို ခေါ်ယူဖို့ ချိန်ရွယ်နေတာဖြစ်ပြီး အာဆင်နယ်အသင်း မငြင်းဆန်နိုင်လောက်တဲ့ ပြောင်းရွှေ့ကြေး ယူရို(၈၅)သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းက မာတင်နယ်လီကို ရောင်းမထုတ်ဖြစ်ခဲ့ရင် တောင်ပံကစားသမားနေရာကနေ အထောင်တိုက်စစ်မှူးနေရာမှာ ပြောင်းလဲအသုံးပြုဖို့ စဉ်းစားနေကြောင်းလည်း Onefootball က ဖော်ပြခဲ့ပါတယ်။