
ဖီလာဒဲလ်ဖီးယားအသင်းက အမေရိကန်ကွင်းလယ်ကစားသမား ကာဗန်ဆူလီဗန်ဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့်ရတဲ့ ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ကာဗန်ဆူလီဗန်ဟာ နက်ရှ်ဗီလီအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာကြောင့် ဒီမှတ်တမ်းကို အသက် (၁၅)နှစ်၊ (၂၈၀)ရက်နဲ့ ပိုင်ဆိုင်ခဲ့တာပါ။
အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူကတော့ ဖရက်ဒီအဒူး(၁၄ နှစ်၊ ၃၃၄ ရက်) ဖြစ်ပါတယ်။
ကာဗန်ဆူလီဗန်ဟာ အမေရိကန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပေမဲ့ ဂျာမန်-ဘင်္ဂလားဒေ့ရှ်လူမျိုးဖြစ်တာကြောင့် လက်ရွေးစင်အဖြစ် ဂျာမနီ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုလည်း ကိုယ်စားပြုခွင့် ရှိိနေပါတယ်။
ကာဗန်ဆူလီဗန်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မေဂျာလိဂ်မှာ လူစားဝင်ကစားပြီး မေဂျာလိဂ်ရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ထားပါတယ်။
ကာဗန်ဆူလီဗန်ဟာ အသက်(၁၈)နှစ်ပြည့်မယ့် ၂၀၂၇ ခုနှစ်မှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှုရရှိထားသူလည်း ဖြစ်ပါတယ်။