
ရီးယဲလ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာဟာ ဒေါ့မွန်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် စီရော်နယ်လ်ဒိုရဲ့ ကလပ်ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။
ဂွန်ဇာလိုဂါစီယာ(၂၁ နှစ်)ဟာ လက်ရှိကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးယဲလ်အသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိနေသူဖြစ်ပြီး ဒေါ့မွန်နဲ့ပွဲမှာ (၄)ဂိုးမြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ရီးယဲလ်အသင်းမှာ စီရော်နယ်လ်ဒို ကစားစဉ်က ၂၀၁၆ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄)ဂိုးသွင်းယူနိုင်တဲ့စံချိန်ကို လိုက်မီသွားခဲ့တာပါ။
စီရော်နယ်လ်ဒိုက ၂၀၁၆ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးဖြစ်ခဲ့သလို၊ ဂွန်ဇာလိုဂါစီယာအနေနဲ့လည်း ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ဦးဆောင်နေပါတယ်။
ကလပ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ ဂွန်ဇာလိုဂါစီယာကို ခေါ်ယူလိုတဲ့အသင်းများစွာရှိနေပြီး ရီးယဲလ်အသင်းအနေနဲ့ ကမ်းလှမ်းမှု (၁၀)ခုအထိ ရရှိထားတယ်လို့လည်း သတင်းထွက်နေပါတယ်။