Eleven Media Group

အာဆင်နယ်တောင်ပံကစားသမား ထရိုဆက်ဒ် အေးဂျင့်အပြောင်းအလဲ ပြုလုပ်

Photo: X

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ထရိုဆက်ဒ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အေးဂျင့်အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဘယ်လ်ဂျီယံကစားသမား ထရိုဆက်ဒ်(၃၀ နှစ်)ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တဲ့နောက်မှာ ထရိုဆက်ဒ်က အေးဂျင့်အပြောင်းအလဲ ပြုလုပ်လိုက်တာပါ။
ထရိုဆက်ဒ်က အေးဂျင့် ဂျိုဆီကွန်ဟဲနဲ့ လမ်းခွဲပြီး DH Sports and Entertainment Agency နဲ့ လက်တွဲလိုက်တာဖြစ်ပါတယ်။
ထရိုဆက်ဒ်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး (၁၀)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၀)ကြိမ် ပြုလုပ်ခဲ့ပေမဲ့ လမ်းခွဲရနိုင်ခြေရှိတယ်လို့ သုံးသပ်ခံထားရပါတယ်။
ထရိုဆက်ဒ်ကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းနဲ့ မော်ရင်ဟို ကိုင်တွယ်နေတဲ့ တူရကီကလပ် ဖီနာဘာချီအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group