Eleven Media Group

အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ကို မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေ

Photo: Getty Images

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ကယ်လ်ဗတ်လူဝင် (၂၈ နှစ်)ဟာ အဲဗာတန်အသင်းနဲ့ (၉)နှစ်ကြာ လက်တွဲခဲ့ပြီးတဲ့နောက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ကယ်လ်ဗတ်လူဝင်ကို ပရီးမီးယားလိဂ်တန်းတက်ကလပ် လိဒ်စ်အသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ စာချုပ်သက်တမ်းအတွက် ညှိနှိုင်းမရတာကြောင့် အဆင်မပြေခဲ့တာလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ထိပ်တန်းတိုက်စစ်မှူးတွေကိုလည်း ခေါ်ယူဖို့ကြိုးစားနေပြီး ကယ်လ်ဗတ်လူဝင်ကို အရန်အင်အားအတွက် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်၊ ဟွိုင်လန်း၊ ဂါနာချို၊ ဆန်ချို၊ အန်တိုနီ စတဲ့ တိုက်စစ်ကစားသမားတွေကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။

မူရင်းသတင်း — Eleven Media Group