Eleven Media Group

ချယ်လ်ဆီး - ဖလူမင်နိစ်ပွဲ လက်မှတ်စျေးနှုန်း ဘီယာတစ်ခွက်ဖိုးအောက် ရောက်ရှိ

Photo: Reuters

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ချယ်လ်ဆီးနဲ့ ဖလူမင်နိစ်တို့ ယှဉ်ပြိုင်ကစားမယ့် ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်စျေးနှုန်းတွေကို လျှော့ချပေးခဲ့တဲ့အတွက် အနိမ့်ဆုံးလက်မှတ်စျေးနှုန်းက ဘီယာတစ်ခွက်ဖိုးတောင် မရှိတော့ဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
အရင်က (၄၇၃.၉၀) ဒေါ်လာလို့ သတ်မှတ်ထားတဲ့ လက်မှတ်တွေကို အခု (၁၃.၄၀)ဒေါ်လာနဲ့သာ ရောင်းချပေးခဲ့တာဖြစ်ပြီး ဘောလုံးကွင်းမှာ ရောင်းတဲ့ ဘီယာတစ်ခွက်ရဲ့တန်ဖိုးက (၁၄)ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။
ဖီဖာက ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ပရိသတ်ကွင်းလုံးပြည့်အားပေးဖို့ မျှော်လင့်နေတာကြောင့် လက်မှတ်စျေးနှုန်းတွေကို လျှော့ချပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို MetLife Stadium မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရီးယဲလ်နဲ့ ဒေါ့မွန်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲက အဲဒီကွင်းမှာ ယှဉ်ပြိုင်ခဲ့သမျှပွဲတွေထဲ ပရိသတ်အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းက အခုပြိုင်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အဲဒီကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပထမပွဲအဖြစ် ဇူလိုင်(၈)မှာ ယှဉ်ပြိုင်ရမှာပါ။

မူရင်းသတင်း — Eleven Media Group