
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမား နီကိုဂွန်ဇာလက်ဇ်ဟာ မန်စီးတီးကနေ ပြန်လည်ထွက်ခွာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
နီကိုဂွန်ဇာလက်ဇ်(၂၃ နှစ်)ဟာ ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၃ မှာ ပေါ်တိုကို ပေါင်(၇)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့သွားတာပါ။
၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာတော့ မန်စီးတီးအသင်းက ပေါင်သန်း(၅၀)နဲ့ခေါ်ယူပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
နီကိုဂွန်ဇာလက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းမှာ ပြိုင်ပွဲစုံ(၁၇)ပွဲ ကစားခဲ့ရပေမဲ့ ရိုဒရီပြန်ကစားလာနိုင်တာနဲ့ ရိုင်ဒါစ်ကို ထပ်ခေါ်လိုက်တာကြောင့် ပွဲထွက်ခွင့်ရဖို့ မလွယ်ကူတော့တဲ့ အခြေအနေဖြစ်လာတဲ့အတွက် လမ်းခွဲဖို့ စီစဉ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ နီကိုဂွန်ဇာလက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက ဥရောပကသာမက ဆော်ဒီက ကမ်းလှမ်းမှုတွေကိုပါ စောင့်မျှော်နေတယ်လို့ သိရပါတယ်။