Eleven Media Group

ဘိုတာဖိုဂိုဂိုးသမား ဂျွန်ကို ခေါ်ယူဖို့ မန်ယူအသင်း စီစဉ်နေ

Photo: X

မန်ယူအသင်းဟာ ဘိုတာဖိုဂိုအသင်းက ဘရာဇီးလ်ဂိုးသမား ဂျွန်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဂျွန်(၂၉ နှစ်)ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပကလပ်အသင်းတချို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး အဲဒီထဲမှာ မန်ယူအသင်းလည်း ပါဝင်ခဲ့တာပါ။
မန်ယူနည်းပြ အာမိုရင်မ်က လက်ရှိနံပါတ်တစ်ဂိုးသမား အိုနာနာရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းကျခြင်းမရှိတာကြောင့် ဂိုးသမားသစ်အားဖြည့်ဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဂျွန်က ဘိုတာဖိုဂိုအသင်းနဲ့ ပေါင်(၆)သန်းအောက်သာရှိတဲ့ လျော်ကြေးစာချုပ်ချုပ်ဆိုထားတယ်လို့ သတင်းထွက်နေတာကြောင့် ခေါ်ယူဖို့ စီစဉ်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ လျော်ကြေးစာချုပ် ချုပ်ထားတယ်ဆိုတာ မရေမရာဖြစ်နေတာကြောင့် မန်ယူအသင်းအနေနဲ့ ပေါင်(၆)သန်းထက်ပိုတဲ့ တန်ဖိုးတစ်ရပ်နဲ့ ကမ်းလှမ်းရဖွယ်ရှိတယ်လို့လည်း မီဒီယာတချို့က ဖော်ပြနေကြပါတယ်။

မူရင်းသတင်း — Eleven Media Group