
ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က ဘင်ဖီကာအသင်းထံ ပြန်လည်ပြောင်းရွှေ့လိုတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဂျော်အိုဖေးလစ်(၂၅ နှစ်)ဟာ ဘင်ဖီကာအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၄ နွေရာသီမှာ ချယ်လ်ဆီးအသင်းကို အက်သလက်တီကိုကနေ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အေစီမီလန်အသင်းဆီ အငှားချခံခဲ့ရသလို၊ လက်ရှိအချိန်မှာလည်း အသင်းရဲ့အရောင်းစာရင်းထဲ ထည့်သွင်းခံထားရပါတယ်။
ဒါကြောင့် ဘင်ဖီကာအသင်းက ပြန်ခေါ်ဖို့ ကြိုးစားနေသလို၊ ဂျော်အိုဖေးလစ်ကလည်း အသင်းဟောင်းမှာ ပြန်ကစားဖို့ ဆန္ဒရှိနေပေမဲ့ တစ်နှစ်လစာ ယူရို(၄)သန်းကို ဘင်ဖီကာအသင်းက ပေးချေလိုခြင်းမရှိတာကြောင့် အခက်တွေ့နေကြောင်း သိရပါတယ်။
ဂျော်အိုဖေးလစ်ကတော့ သူ့အနေနဲ့ အင်္ဂလန်မှာ ဆက်နေမလား၊ ဘင်ဖီကာမှာ ပြန်ကစားမလားဆိုတာ တစ်ခုခုကို ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။
''ဘင်ဖီကာက ကျွန်တော့်ရဲ့ ဖေးဘရိတ်အသင်းဆိုတာ တစ်ကမ္ဘာလုံးသိပါတယ်။ အဲဒါက ကျွန်တော့်အိမ်ပါ။ ကျွန်တော် တစ်နေ့ ပြန်မှာပါ။ အခုလား နှစ်အနည်းငယ်ကြာမှလားတော့ မသိပါဘူး။ အခုပြန်ရမယ်ဆိုရင်လည်း အရမ်းပျော်မှာပါ။ အင်္ဂလန်မှာပဲ ဆက်ကစားမလား၊ ဘင်ဖီကာ ပြန်မလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုရှိပါတယ်'' လို့ ဂျော်အိုဖေးလစ်က ပြောကြားခဲ့ပါတယ်။