
နယူးကာဆယ်အသင်းက အင်္ဂလန်တိုက်စစ်မှူး ကာလမ်ဝီလ်ဆင်ဟာ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီး အသင်းသစ်ရှာဖွေနေပြီလို့ သိရပါတယ်။
ကာလမ်ဝီလ်ဆင်(၃၃ နှစ်)ဟာ ဒီနွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာပါ။
ကာလမ်ဝီလ်ဆင်ဟာ နယူးကာဆယ်အသင်းမှာ ကစားခဲ့တဲ့ (၅)ရာသီအတွင်း စုစုပေါင်း(၄၉)ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးမှ မရခဲ့ပါဘူး။
နယူးကာဆယ်အသင်းက ကာလမ်ဝီလ်ဆင်ဟာ (၅)နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် လမ်းခွဲတော့မှာ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းရဲ့ အောင်မြင်မှုမှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ အသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ကြောင်း၊ အနာဂတ်မှာ ကံကောင်းပါစေကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ကာလမ်ဝီလ်ဆင်က ရာသီကြိုခြေစမ်းပွဲတွေ မစတင်ခင် အသင်းသစ်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။