
ဖလူမင်နိစ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဇူလိုင်လ ၉ ရက် နံနက် ၁ နာရီခွဲ)
ချယ်လ်ဆီးအသင်းက ကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိ လမ်းကြောင်းချောင်ခဲ့ပြီး ကံကြမ္မာဖေးမမှု ရှိနေပါတယ်။ အခုပြိုင်ပွဲမှာ ဘရာဇီးလ်ကလပ် လေးသင်း ယှဉ်ပြိုင်တဲ့အနက် ချယ်လ်ဆီးက ဘိုတာဖိုဂိုကလွဲလို ဖလာမင်ဂို၊ ပါလ်မီးရပ်စ်နဲ့ အခု ဖလူမင်နိစ်စတဲ့ သုံးသင်းနဲ့ ကစားရတာဖြစ်တယ်။ ချယ်လ်ဆီးအသင်းမှာ ပတ်ဒရိုလည်း ကစားနေပြီး တိုက်စစ်အခင်းအကျင်း အပြောင်းအလဲက စိတ်ဝင်စားစရာကောင်းနေတယ်။ ဖလူမင်နိစ်အသင်းမှာ သီယာဂိုဆေးလ်ဗား၊ ဂန်ဆိုစတဲ့ ဝါရင့်ကစားသမားတွေ ရှိနေပါတယ်။ ဘရာဇီးလ်စီးရီးအေမှာ အဆင့်ခြောက်နေရာ ရပ်တည်နေပြီး ချယ်လ်ဆီးကို ကောင်းကောင်းယှဉ်နိုင်တဲ့ လူအင်အားလည်း ရှိပါတယ်။ တဖြည်းဖြည်း ယုံကြည်မှုမြင့်မားလာတဲ့ ချယ်လ်ဆီးကစားသမားပိုင်းရဲ့စွမ်းဆောင်ရည်ကိုလည်း ထည့်သွင်းစဉ်းစားရလိမ့်မယ်။ ချယ်လ်ဆီးပဲ ရွေးချယ်တာပိုကောင်းမယ်။