Eleven Media Group

■ အယ်လန်ဂါကို ပေါင် ၅၅ သန်းနဲ့ နယူးကာဆယ် ခေါ်ယူဖို့ သဘောတူညီမှုရရှိ

Photo: Getty Images

နယူးကာဆယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက ဆွီဒင်တောင်ပံကစားသမား အန်သိုနီအယ်လန်ဂါကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

အပြောင်းအရွှေ့ဟာ အခုတစ်ပတ်အတွင်း အပြီးသတ်မယ်လို့ BBC Sport ကို သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရထားလို့ တိုက်စစ်ကို အင်အားဖြည့်တင်းနိုင်ရေး ပြင်ဆင်နေတာပါ။

အယ်လန်ဂါ(၂၃ နှစ်)ဟာ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြောက်ဂိုးသွင်းပြီး ၁၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

၎င်းဟာ ၂၀၂၃ ခုနှစ် နွေရာသီကမှ မန်ယူနိုက်တက်အသင်းကနေ ပေါင် ၁၅ သန်းနဲ့ နော်တင်ဟမ်အသင်းထံ ရောက်လာခဲ့တာဖြစ်တယ်။

နယူးကာဆယ်အသင်းဟာ မာလာဂါအသင်းက ၁၈ နှစ်အရွယ် တောင်ပံကစားသမား ကော်ဒဲရိုးကိုလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group