Eleven Media Group

■ အသင်းသစ်ရှာဖွေဖို့ အချိန်ပိုပေးထားပေမဲ့ ရပ်ရှ်ဖို့ဒ် တစ်ဦးတည်း လေ့ကျင့်ခန်းဆင်း

Photo: The Sun

မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အသင်းက အသစ်ရှာဖွေဖို့ အချိန်ပိုပေးထားပေမဲ့ တစ်ဦးတည်း လေ့ကျင့်ခန်းနေတယ်လို့ သိရပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုလေ့ကျင့်မှုတွေ စတင်နေပြီဖြစ်ပေမဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းနဲ့ မပူးပေါင်းစေသေးဘဲ အသင်းသစ် ရှာဖွေဖို့ အချိန်ပိုပေးထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ဟာ ကြံ့ခိုင်မှုအတွက် တစ်ဦးတည်းလေ့ကျင့်ခန်း ဆင်းနေပြီး အသင်းရဲ့ လေ့ကျင့်ခန်းတွေမှာ ပါဝင်ခြင်းမရှိဘူးလို့ The Athletic က ဖော်ပြခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရပ်ရှ်ဖို့ဒ်ကို အခုနွေမှာ အသင်းသစ် ရှာဖွေဖို့ ညွှန်ကြားထားသလို၊ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၀) ကိုလည်း အခုနွေမှာ ဝယ်ခဲ့ယူတဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ကူညာကို ပေးအပ်ခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ လက်ရှိမှာ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပြီး အပြီးသတ်ထက် အငှားခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဖြစ်ပေမဲ့ အသင်းနည်းပြ အာမိုရင်မ်ကတော့ သူ့ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အသင်းက ထွက်ခွာဖို့ ညွှန်ကြားတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group