
ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်း တိုနီခရို့စ်က အသင်းနာမည်ကျော်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘာပေ၊ ဗင်နီစီယပ်စ်တို့အနေနဲ့ ခံစစ်ကို ပိုကူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘာပေနဲ့ ဗင်နီစီယပ်စ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အသင်းနည်းပြဟောင်း အန်ဆယ်လော့တီလက်ထက်မှာ ခံစစ်ကို ကူညီမှုအားနည်းတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
လက်ရှိနည်းပြ အလွန်ဆိုကတော့ အန်ဆယ်လော့တီထက် တောင်းဆိုမှုပိုများပြီး ဘာပေနဲ့ ဗင်နီစီယပ်စ်တို့ဟာ သူရဲ့နည်းစနစ်နဲ့ အသားကျဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။
အခု ရီးယဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်း တိုနီခရို့စ်က ဘာပေ၊ ဗင်နီစီယပ်စ်တို့အနေနဲ့ ခံစစ်ကို ပိုကူညီသင့်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တိုနီခရို့စ်က "ကစားသမားကောင်းတွေက အတူတကွတွဲဖက်ပြီး ကစားသင့်ပါတယ်။ ပြီးတော့ သူတို့နှစ်ယောက်စလုံး ခံစစ်ကို ကူညီဖို့ လိုပါတယ်။ ကျွန်တော့်အတွက်တော့ ဘောလုံးမှာ တိုက်စစ်၊ ခံစစ်ဆိုပြီး ခွဲခြားထားလို့ မရဘူးလို့ ထင်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီနေ့ညမှာ PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။