
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား မာဒူအေကေကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ အင်္ဂလန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား မာဒူအေကေ (၂၃ နှစ်) ကို (၅) နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းဟာ အခုအခါ ချယ်လ်ဆီးအသင်းကို တရားဝင်ဆက်သွယ်ပြီး ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
မာဒူကေအေဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် (၃၂) ပွဲမှာ (၇) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ပေးခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ မာဒူအေကေအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) ဝန်းကျင် အလိုရှိနေတယ်လို့ ဗြိတိန်မီဒီယာအချို့က ဖော်ပြနေကြပါတယ်။
အာဆင်နယ်အသင်းဟာ အခုနွေမှာ ချယ်လ်ဆီးဂိုးသမား ကယ်ပါကို ပေါင် (၅) သန်းနဲ့ ခေါ်ယူထားသလို၊ ဆိုစီဒက်အသင်းက စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီကိုလည်း ပေါင်သန်း (၆၀) နဲ့ ခေါ်ယူထားတာပါ။
ဒါ့ပြင် အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်ကွင်းလယ်ကစားသမား နော်ဂတ်ကို ပေါင်သန်း (၁၂) နဲ့ ခေါ်ယူဖို့ နီးစပ်နေသလို၊ စပို့လစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကိုလည်း ပေါင်သန်း (၇၀) နဲ့ ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။