
အင်တာမိုင်ယာမီနည်းပြ မာရှေရာနိုက နာမည်ကျော်အသင်းတိုက်စစ်မှူး မက်ဆီဟာ အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် (၃၈) နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီဟာ ဒီနှစ်ကုန်မှာ အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေပြီး ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
အင်တာမိုင်ယာမီနည်းပြ မာရှေရာနိုကတော့ မက်ဆီအနေနဲ့ အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မာရှေရာနိုက "မက်ဆီကို ကြည့်ရတာ ပျော်နေပုံရပါတယ်။ သူ့အနေနဲ့ သူ့ဘဝမှာ ပျော်စရာအကောင်းဆုံးနေရာကို ရှာတွေ့ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ တခြားအသင်းတွေအကြောင်း သူ စဉ်းစားနေတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဘယ်လောက်ကြာအောင် ဆက်ကစားမယ်ဆိုတာကို မက်ဆီကိုယ်တိုင်ပဲ ဆုံးဖြတ်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။