
ရီးယဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုက အခုနွေမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဇူလိုင် (၉) ရက်က ကစားခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ PSG အသင်းကို (၀-၄) ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။
အဲဒီပွဲအပြီးမှာ ရီးယဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုက အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အလွန်ဆိုက "ကလပ်ကမ္ဘာ့ဖလား ယှဉ်ပြိုင်နေချိန်မှာတော့ အပြောင်းအရွှေ့အကြောင်း မပြောဖြစ်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ အသင်းတိုးတက်ဖို့အတွက် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းတိုးတက်ဖို့အတွက် အမြဲတမ်းကြိုးပမ်းနေတာပါ"လို့ ပြောကြားခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အခုနွေမှာ ဘုန်းမောက်နောက်ခံလူ ဟူဆန်၊ လီဗာပူးလ်နောက်ခံလူ အာနိုးလ်နဲ့ အာဂျင်တီးနားလူငယ်ကွင်းလယ်ကစားသမား မက်စတန်တူနိုတို့ကို ခေါ်ယူထားတာပါ။