Eleven Media Group

■ PSG ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယိုကို ခေါ်ယူဖို့ အင်တာမီလန် စိတ်ဝင်စား

Photo: Getty Images

အင်တာမီလန်အသင်းဟာ PSG ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် (၂၉) နှစ်အရွယ် စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အဆန်စီယိုဟာ PSG အသင်းမှာ နေရာမရဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီက အက်စတွန်ဗီလာအသင်းမှာ ရာသီဝက်အငှား သွားရောက်ကစားခဲ့တာပါ။

ဒါပေမဲ့ အက်စတွန်ဗီလာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အဆန်စီယိုကို အပြီးသတ်ခေါ်ယူခဲ့ခြင်း မရှိပါဘူး။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန်အသင်းဟာ အဆန်စီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်းဥက္ကဋ္ဌ ဘီပီမာရော့တာကိုယ်တိုင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အဆန်စီယိုကိုယ်တိုင်ကလည်း အခုနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းတစ်သင်းသင်းဆီ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group