Eleven Media Group

အေစီမီလန် - ကိုမိုပွဲကို သြစတြေးလျမှာ ယှဉ်ပြိုင်ကစားဖို့ FIGC ခွင့်ပြု

Photo: Getty Images

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က လာမယ့်ရာသီ စီးရီးအေပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေစီမီလန် - ကိုမိုပွဲကို သြစတြေးလျနိုင်ငံမှာ ယှဉ်ပြိုင်ကစားဖို့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။
အေစီမီလန် - ကိုမိုပွဲကို ၂၀၂၆ ဖေဖော်ဝါရီ(၈)ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီအချိန်မှာ ဆန်စီရိုကွင်းကို အသုံးပြုလို့မရတဲ့ အခြေအနေဖြစ်နေတာကြောင့် ပြည်ပထွက်ကစားဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အီတလီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၆)ရက်မှာ ဆန်စီရိုကွင်းမှာ ပြုလုပ်မှာဖြစ်လို့ အေစီမီလန်အသင်းက ကိုမိုနဲ့ပွဲကို သြစတြေးလျမှာ သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခြင်း လည်းဖြစ်ပါတယ်။
အဲဒီပွဲကို သြစတြေးလျနိုင်ငံမှာ အမှန်တကယ်ယှဉ် ပြိုင်ကစားခဲ့မယ်ဆိုရင် ပြည်ပနိုင်ငံတစ်ခုမှာ ယှဉ်ပြိုင်ကစားတဲ့ ပထမဆုံးသော ဥရောပလိဂ်ပွဲစဉ်တစ်ပွဲအဖြစ် မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။
၂၀၂၅-၂၆ ရာသီ စီးရီးအေပြိုင်ပွဲကို ၂၀၂၅ သြဂုတ် (၂၃)မှာစတင်ပြီး ၂၀၂၆ မေ(၂၄)မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group