Eleven Media Group

ရပ်ရှ်ဖို့ဒ် ဘာစီလိုနာကို ရောက်ရှိဖို့ ရေပန်းအစားဆုံးဖြစ်နေ

Photo: Getty Images

မန်ယူအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။
ရပ်ရှ်ဖို့ဒ် (၂၇ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းဆီ အငှားချခံခဲ့ရသလို၊ ဒီနွေရာသီမှာလည်း အရောင်းစာရင်း တင်သွင်းခံထားရပါတယ်။
မန်ယူနည်းပြ အာမိုရင်မ်က ရပ်ရှ်ဖို့ဒ်အပါအဝင် ကစားသမား(၅)ဦးကို အသင်းသစ်ရှာဖွေဖို့သာ ညွှန်ကြားထားပြီး အသင်းနဲ့လည်း ပြန်လည်လေ့ကျင့်ခွင့်မပြုတော့ပါဘူး။
ဒီလိုအခြေအနေမှာ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဂျူဗင်တပ်စ်၊ အာဆင်နယ် စတဲ့ ထိပ်သီးအသင်းတွေက စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါတယ်။
Sky Bet ကတော့ ရပ်ရှ်ဖို့ဒ် ရောက်ရှိနိုင်ခြေအရှိဆုံးအသင်းအဖြစ် ဘာစီလိုနာအသင်းကို (၈း၁၅)လေး ပေးထားပြီး ဘိုင်ယန်မြူးနစ်က (၆း၄)လေး၊ PSG က (၁၃း၂)လေး၊ အက်စတွန်ဗီလာနဲ့ အာဆင်နယ်က (၁ရး၂)လေး၊ အေစီမီလန်က (၁၂း၁)လေး၊ ဂျူဗင်တပ်စ်နဲ့ ဒေါ့မွန်က (၁၄း၁)လေးလို့ ကြေးဖွင့်ထားပါတယ်။
ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းသာ သူ့ကို ခေါ်ယူခဲ့ရင် အထောင်တိုက်စစ်မှူးအဖြစ် ကစားခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group