Eleven Media Group

ကလပ်ကမ္ဘာ့ဖလားဟာ ဘောလုံးလောကအတွက် လိုအပ်တဲ့ပြိုင်ပွဲဖြစ်တယ်လို့ အာစင်ဝင်းဂါး ပြောကြား

Photo: X

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးလောကအတွက် လိုအပ်တဲ့ပြိုင်ပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာစင်ဝင်းဂါးဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)မှာ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်ရဲ့ ဝေဖန်မှုကို တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
ယာဂန်ကလော့ပ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးမြှင့်ခဲ့တာဟာ အဆိုးရွားဆုံး စိတ်ကူးစိတ်သန်းဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့တာပါ။
အဲဒီမှတ်ချက်နဲ့ ပတ်သက်ပြီး အာစင်ဝင်းဂါးကို မေးမြန်းခဲ့ရာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြိုင်ပွဲဝင်အသင်းတိုင်း၊ ကစားသမားတိုင်းနဲ့ နည်းပြတိုင်းရဲ့ ထောက်ခံမှုအပြည့်အဝရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အလွန်ပျင်းရိစရာကောင်းတဲ့အဖြေကို အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ မေးခွန်းဖြစ်အောင် ကျွန်တော် လုပ်ဆောင်ပေးပါမယ်။ လူတိုင်းမှာ သူတို့ရဲ့အမြင်ကို ချပြခွင့်ရှိပါတယ်။ ကျွန်တော်ကတော့ ယာဂန်ကလော့ပ်ရဲ့အမြင်ကို မျှဝေမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကလပ်ကမ္ဘာ့ဖလားဟာ လိုအပ်တဲ့ ပြိုင်ပွဲလို့ ခံစားရပါတယ်။ ခင်ဗျားအနေနဲ့ ဒီမှာရှိနေတဲ့ ကလပ်အသင်းတွေကို စုံစမ်းကြည့်လိုက်မယ်ဆိုရင် နောက်တစ်ကြိမ် ယှဉ်ပြိုင်ချင်တယ်လို့ ရာနှုန်းပြည့်အဖြေပေးကြမှာပါ။ ဒါဟာ အကောင်းဆုံးအဖြေပါပဲ။ ပြီးတော့ အဆုံးအဖြတ်မေးခွန်းက ပရိသတ်တွေ သဘောကျသလား၊ မကျဘူးလား ဆိုတာပါပဲ။ စီမံချက်အရ ပရိသတ်ကြည့်ရှုမှုနှုန်း နိမ့်ပါးပေမဲ့ လက်တွေ့အခြေအနေအရတော့ ကြည့်ရှုမှုနှုန်း မြင့်မားတယ်လို့ ယုံကြည်ပါတယ်။ အဖြေက အဲဒါပါပဲ''လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group