
နယူးကာဆယ်အသင်းဟာ အက်စတွန်ဗီလာအသင်းက အင်္ဂလန်တိုက်စစ်မှူး ဝပ်ကင်စ်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း(၁၀၀)သုံးစွဲဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဟာ ၀ါရင့်တိုက်စစ်မှူး ကာလမ်ဝီလ်ဆင်ကို ဆုံးရှုံးထားတာကြောင့် ပြန်လည်အစားထိုးဖို့ တို်က်စစ်မှူး ရှာဖွေနေရာမှာ ဝပ်ကင်စ်ကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဝပ်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းက ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ အက်စတွန်ဗီလာအသင်းက ငြင်းပယ်ခဲ့ပါတယ်။
ဒါကြောင့် နယူးကာဆယ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)ဝန်းကျင် အသုံးပြုရမှာဖြစ်ပြီး ဝပ်ကင်စ်ရဲ့ စာချုပ်အတွက် ပေါင်သန်း(၅၀)ဝန်းကျင် သုံးစွဲရလိမ့်မယ်လို့ ဘောလုံးစျေးကွက်ကျွမ်းကျင်သူ စတီဖန်ဘော်ဆန်က သုံးသပ်ထားပါတယ်။
ဝပ်ကင်စ်(၂၉ နှစ်)ကို မန်ယူအသင်းက ခေါ်ယူဖို့ ချိန်ရွယ်နေသလို၊ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကလည်း ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။