
ဘိုင်ယန်မြူးနစ်အသင်းက လီဗာပူးလ်အသင်းရဲ့ ကိုလံဘီယာတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမဲ့ မရခဲ့ရင် အာဆင်နယ်အသင်းက ဘယ်လ်ဂျီယံတောင်ပံကစားသမား ထရိုဆက်ဒ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ဘယ်တောင်ပံနေရာကို အားဖြည့်ဖို့ စီစဉ်နေတာဖြစ်ပြီး လူးဝစ်ဒီယက်ဇ်က ဦးစားပေးကစားသမားဖြစ်ပေမဲ့ လီဗာပူးလ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀)လောက် အလိုရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ယူရိုသန်း(၆၀)ထက် ပိုပေးဖို့ ဆန္ဒမရှိတာကြောင့် ခေါ်ယူနိုင်ဖို့ အလားအလာနည်းပါးနေပါတယ်။
လူးဝစ်ဒီယက်ဇ်ကို ဘာစီလိုနာနဲ့ ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ ချိန်ရွယ်နေကြပြီး ၂၀၂၇ မှာ စာချုပ်ကုန်မယ့် လူးဝစ်ဒီယက်ဇ်က သူ့ကို သက်တမ်းမတိုးရင် ရောင်းထုတ်ပေးဖို့ လီဗာပူးလ်အသင်းကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
လူူးဝစ်ဒီယက်ဇ်က လီဗာပူးလ်အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပေမဲ့ တစ်ပတ်လစာ ပေါင်(၅၅၀၀၀)သာ ရရှိနေတာကြောင့် လစာနှုန်းထားအသစ်နဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ လိုလားနေတယ်လို့လည်း သိရပါတယ်။