Eleven Media Group

မန်ယူပစ်မှတ် မွိုက်စ်ကိန်းကို ဖီအိုရင်တီးနားအသင်း သက်တမ်းတိုးဖို့ စီစဉ်နေ

Photo: Getty Images

ဖီအိုရင်တီးနားအသင်းက မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ အီတလီတိုက်စစ်မှူး မွိုက်စ်ကိန်းကို သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မွိုက်စ်ကိန်း(၂၅ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာမှ ဖီအိုရင်တီးနားအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပထမဆုံးရာသီိမှာပဲ ပြိုင်ပွဲစုံ(၂၅)ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။
မွိုက်စ်ကိန်းက ဖီအိုရင်တီးနားအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာမှာ ဒီနှစ် ဇူလိုင်(၁၅)ရက်မတိုင်ခင် အသင်းပြောင်းရွှေ့မယ်ဆိုရင် ယူရို(၅၂)သန်းနဲ့ ထွက်ခွာခွင့်ပြုဖို့ လျော်ကြေးစာချုပ် ချုပ်ဆိုထားပါတယ်။
အခု အဲဒီကာလအတွင်း အပြောင်းအရွှေ့ဖြစ်လာနိုင်ခြေ နည်းပါးသွားပြီဖြစ်တာကြောင့် ဖီအိုရင်တီးနားအသင်းက သက်တမ်းတိုးဖို့ စီစဉ်နေတာပါ။
မွိုက်စ်ကိန်းက ဆော်ဒီကလပ်နှစ်သင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး မန်ယူအသင်းကလည်း တရားဝင်ကမ်းလှမ်းလာခြင်းမရှိတာကြောင့် ဖီအိုရင်တီးနားနဲ့ သက်တမ်းတိုးဖို့ အလားအလာများနေပါတယ်။
ဖီအိုရင်တီးနားအသင်းက မွိုက်စ်ကိန်းကို တစ်နှစ်လစာ ယူရို(၄)သန်းနှုန်းနဲ့ သက်တမ်းတိုးဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group