
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမဲ့ လက်ရှိအသင်းမှာသာ ဆက်ကစားရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်(၂၆ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ(၇)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက အရောင်းစာရင်း တင်သွင်းထားပါတယ်။
ဒါဝင်နူးနက်ဇ်ကို စီးရီးအေချန်ပီယံ နာပိုလီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပေမဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းမရဖြစ်နေတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းက Add-ons ကြေးအပါအဝင် ယူရိုသန်း(၁၀၀)နဲ့ ခေါ်ယူထားရတဲ့ ဒါဝင်နူးနက်ဇ်အတွက် ယူရိုသန်း(၆၀)ရရှိလိုပြီး နာပိုလီက အများဆုံးယူရို(၅၅)သန်းသာ ပေးလိုတာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်တာပါ။
ဒါ့အပြင် လီဗာပူးလ်အသင်းမှာ တစ်နှစ်လစာ ယူရို(၅.၅)သန်းရရှိနေတဲ့ ဒါဝင်နူးနက်ဇ်က နာပိုလီအသင်းကို တစ်နှစ်ယူရို(၆)သန်းပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ဒါဝင်နူးနက်ဇ်ဟာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျိုတာရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။