
၂၀၂၅ ယူရိုအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင်လ ၁၆ ရက်မှာ စတင်ကစားမှာဖြစ်ပါတယ်။
အုပ်စုအဆင့်မှာ အုပ်စု A က နော်ဝေနဲ့ အိမ်ရှင် ဆွစ်ဇာလန်၊ အုပ်စု B က စပိန်နဲ့ အီတလီ၊ အုပ်စု C က ဆွီဒင်နဲ့ ဂျာမနီ၊ အုပ်စု D က ပြင်သစ်နဲ့ လက်ရှိချန်ပီယံ အင်္ဂလန်တို့ ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။
မရဏအုပ်စုဖြစ်တဲ့ အုပ်စု D မှာ ၂၀၁၇ ချန်ပီယံ နယ်သာလန်အသင်းကတော့ အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။
ပြိုင်ပွဲမှာ ရှစ်ကြိမ်ဗိုလ်စွဲပြီး အအောင်မြင်ဆုံးအဖြစ် ပြတ်ပြတ်သားသားရပ်တည်နေတဲ့ ဂျာမနီအသင်းလည်း ဆွီဒင်ကို ဂိုးပြတ်အရေးနိမ့်ခဲ့လို့ အုပ်စုဒုတိယပဲ ရခဲ့ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် ဆွီဒင်နဲ့ အင်္ဂလန်၊ နော်ဝေနဲ့ အီတလီ၊ ပြင်သစ်နဲ့ ဂျာမနီ၊ စပိန်နဲ့ ဆွစ်ဇာလန်အသင်းတို့ တွေ့ဆုံနေပါတယ်။
ကွာတားဖိုင်နယ်ပွဲတွေကို ဇူလိုင်လ ၁၆ ရက်ကနေ ၁၉ ရက်အထိ တစ်ရက်တစ်ပွဲနှုန်း ကစားမှာဖြစ်ပါတယ်။