Eleven Media Group

ပယ်ဟင်ညာကို ခေါ်ယူဖို့ မန်ယူနဲ့ စပါးတို့ အပြိုင်စိတ်ဝင်စားနေ

Photo: X

ပရီးမီးယားလိဂ်ထိပ်သီး မန်ယူနဲ့ စပါးအသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းက ပေါ်တူဂီကွင်းလယ်ခံစစ်ကစားသမား ပယ်ဟင်ညာကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပယ်ဟင်ညာ(၃၀ နှစ်)ဟာ ဂျာမန်မြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် မန်ယူနဲ့ စပါးတို့က ချိန်ရွယ်နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ပယ်ဟင်ညာဟာ ဖူလ်ဟမ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၄ နွေရာသီမှာမှ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းက ပယ်ဟင်ညာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နီးပါး သုံးစွဲခဲ့ရပေမဲ့ အသင်းနဲ့ အံဝင်ခွင်ကျမဖြစ်တာကြောင့် ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ပြန်လည်ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။
ပယ်ဟင်ညာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နေရာမရပေမဲ့ မန်ယူအသင်းမှာတော့ အာမိုရင်မ်ရဲ့ နည်းစနစ်နဲ့ ကိုက်ညီလိမ့်မယ်လို့ သုံးသပ်ခံထားရပါတယ်။
စပါးအသင်းရဲ့ နည်းပြသစ် သောမတ်စ်ဖရန့်ခ်ကလည်း အသင်းရဲ့ကွင်းလယ်ကို အားဖြည့်ဖို့ ပယ်ဟင်ညာကို အလိုရှိနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group