Eleven Media Group

မြန်မာအမျိုးသမီးယူ-၁၇ အသင်းအတွက် ဂျပန်အမျိုးသမီးနည်းပြ ခန့်အပ်

Photo: MFF

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမယ့် အာဆီယံပြိုင်ပွဲနဲ့ အာရှခြေစစ်ပွဲများအတွက် ပြင်ဆင်မှုအဖြစ် မြန်မာအမျိုးသမီးယူ-၁၇ အသင်းအတွက် ဂျပန်အမျိုးသမီးနည်းပြတစ်ဦးကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးယူ-၁၇ အသင်းရဲ့ နည်းပြချုပ်အဖြစ် အသက် ၄၅ နှစ်အရွယ် ကူမီကိုတာရှီရိုကို ခန့်အပ်ခဲ့တာပါ။
ကူမီကိုတာရှီရိုဟာ ကစားသမားဘဝမှာ အူရာဝရက်ဒိုင်းမွန်းစ်၊ ဆိုင်တမရေးနက်စ် စတဲ့အသင်းတွေမှာ နောက်ခံလူအဖြစ် ကစားခဲ့သူ ဖြစ်ပါတယ်။
နည်းပြဘဝမှာတော့ JFA Pro License ရ နည်းပြတစ်ဦးဖြစ်ပြီးအူရာဝရက်ဒိုင်းမွန်းစ်အသင်းအပါအဝင် ဂျပန်အမျိုးသမီးကလပ်တွေနဲ့ လူငယ်အသင်းတွေကို ကိုင်တွယ်ခဲ့သူပါ။
ကူမီကိုတာရှီရိုဟာ မြန်မာယူ-၁၇ အမျိုးသမီးအသင်းကို အာရှခြေစစ်ပွဲနဲ့ အာဆီယံပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိိအောင် ဦးဆောင်ပေးရမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group