Eleven Media Group

ဗလာဟိုဗစ်ကို ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် ကိုဗာဆီဗစ် တိုက်တွန်း

Photo: X

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကိုဗာဆီဗစ်က ဗလာဟိုဗစ်အနေနဲ့ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာသင့်တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ကိုဗာဆီဗစ်က ဆားဘီးယားလက်ရွေးစင်ဟောင်းလည်းဖြစ်တာကြောင့် ဗလာဟိုဗစ်ကို အခုလိုအကြံပြုခဲ့တာဖြစ်ပြီး အေစီမီလန်နဲ့ မန်ယူအသင်းတွေက ပြောင်းရွှေ့ကစားဖို့သင့်လျော်လိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။
ဗလာဟိုဗစ်(၂၅ နှစ်)က ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၆ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးလိုခြင်းမရှိတာကြောင့် ဂျူဗင်တပ်စ်အသင်းက ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ အိုလံပီယာကော့စ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ကိုဗာဆီဗစ်က ''သူ့ကို မှန်ကန်တဲ့နေရာကို ပြောင်းရွှေ့ဖို့ ပြောထားပါတယ်။ ကျွန်တော့်အတွေ့ အကြုံအရ ဂျူဗင်တပ်စ်က ထွက်ခွာဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံ ပျော်ရွှင်မှုတွေ ပြန်လည်ရရှိဖို့နဲ့ ထိပ်တန်းအဆင့်ကိုရောက်ရှိဖို့ ကိုယ့်ကိုယ်ကို ပြန်စိန်ခေါ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ သူ့ကို အိုလံပီယာကော့စ်ဆီ မခေါ်နိုင်ပါဘူး။ ဒါပေမဲ့ မီလန် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်အသင်းတွေက သူ့အတွက် ကောင်းမွန်နိုင်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်တောင် ဖြစ်နိုင်ပါတယ်။ ဒါက နောက်တာပါ။ ကျွန်တော်တို့က ပိုင်ရှင်တူတွေမို့ပါ။ ဒါပေမဲ့ ကျွန်တော် အိုလံပီယာကော့စ်အတွက်ပဲ အလုပ်လုပ်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ကိုဗာဆီဗစ်က ဗလာဟိုဗစ်ဟာ ဟာလန်းနဲ့ အိုဆင်မန်တို့ထက်တောင် ပိုကောင်းတဲ့ တိုုက်စစ်မှူးလို့လည်း အမွှန်းတင်ခဲ့ပါသေးတယ်။

မူရင်းသတင်း — Eleven Media Group