
၂၀၂၅ အာရှသက်တမ်းအလိုက် လူငယ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာကြက်တောင်အားကစားအဖွဲ့ဟာ ပြိုင်ပွဲအပြီးမှာ ရွှေ- ၁၂၊ ငွေ- ၃၊ ကြေး - ၈ ခု ရရှိခဲ့ပါတယ်။
၂၀၂၅ အာရှသက်တမ်းအလိုက် လူငယ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ပြီးခဲ့တဲ့ဇူလိုင် (၇) ရက်ကနေ (၁၂) ရက်အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းက အိမ်ရှင်ကမ္ဘောဒီးယား၊ မြန်မာ၊ တီမော၊ ဘရူနိုင်း၊ လာအိုနိုင်ငံတို့မှ ကြက်တောင်အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲမှာ အသက် (၁၅၊ ၁၇၊ ၂၃) နှစ်အောက်အနေနဲ့ အမျိုးသားတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသား+ အမျိုးသမီးအတွဲနဲ့ အသင်းလိုက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပါတယ်။
မြန်မာကြက်တောင်အားကစားအဖွဲ့ဟာ ထည့်သွင်းကျင်းပခဲ့တဲ့ ပြိုင်ပွဲအမျိုးအစားအားလုံးမှာ ဆုတံဆိပ်တွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာကြက်တောင်အားကစားအဖွဲ့ဟာ အဲ့ဒီပြိုင်ပွဲကို အုပ်ချုပ်၊ နည်းပြ (၃) ဦး၊ အမျိုးသား၊ အမျိုးသမီးကစားသမား (၁၂) ဦး၊ ပေါင်း (၁၅) ဦးနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။