Eleven Media Group

ကွင်းလယ်ကစားသမားဟောင်း ဖလက်ချာကို ယူ-၁၈ အသင်းနည်းပြအဖြစ် မန်ယူအသင်း ခန့်အပ်

Photo: X

မန်ယူအသင်းဟာ ကွင်းလယ်ကစားသမားဟောင်း ဒါးရင်းဖလက်ချာကို ယူ-၁၈ အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ဖလက်ချာ(၄၁ နှစ်)ဟာ မန်ယူအသင်းမှာ ၂၀၀၂ ကနေ ၂၀၁၅ အထိ ကာလရှည်ယှဉ်ပြိုင်ကစားခဲ့သူဖြစ်ပြီး ကစားသမားဘဝက အနားယူပြီးနောက် မန်ယူအသင်းမှာပဲ ယူ-၁၆ အသင်းနည်းပြ၊ နည်းပြအဖွဲ့ဝင်၊ နည်းစနစ်ဒါရိုက်တာ ရာထူးတွေနဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်။
အခု မန်ယူအသင်းက ယူ-၁၈ နည်းပြအဖြစ် ခန့်အပ်လိုက်ပြီး ရာသီကြိုခြေစမ်းပွဲတွေ စတင်ယှဉ်ပြိုင်ကစားနေပြီလို့ သိရပါတယ်။
'' ရာထူးသစ်အတွက် ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ ရဲ့ လူငယ်ကစားသမားတွေ ဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့ ပိုပြီးတာဝန်ယူသွားရတော့မှာပါ။ အရည်အသွေးရှိတဲ့ လူငယ်တွေကို အမြင့်နိုင်ဆုံးအဆင့်ရောက်အောင် ပံ့ပိုးကူညီပေးသွားမှာပါ'' လို့ ဖလက်ချာက ပြောကြားခဲ့ပါတယ်။
စကော့တန်လက်ရွေးစင်ဟောင်း ဖလက်ချာက UEFA A Licence ရရှိထားသူဖြစ်ပြီး ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာဖို့ ရည်မှန်းထားသူပါ။

မူရင်းသတင်း — Eleven Media Group