
ချယ်လ်ဆီးအသင်းက ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၃၅)သန်းလို့ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ အန်ကွန်ကူ(၂၇ နှစ်)ကို ၂၀၂၃ နွေရာသီမှာ လိုက်ပ်ဇစ်အသင်းဆီကနေ ပေါင်(၅၂)သန်းနဲ့ ခေါ်ယူပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။
အန်ကွန်ကူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ကွန်းဖရန့်လိဂ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ (၉)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
နည်းပြ မာရက်စကာက အန်ကွန်ကူရဲ့ခြေစွမ်းကို အကြိုက်မတွေ့တာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေပြီး မန်ယူ၊ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်
လက်ရှိအချိန်အထိ ဘယ်အသင်းကမှ မကမ်းလှမ်းသေးပေမဲ့ ချယ်လ်ဆီးအသင်းက အန်ကွန်ကူအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းရရှိရင် ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။