Eleven Media Group

■ စီရော်နယ်လ်ဒိုကြောင့် အယ်လ်နာဆာအသင်းနည်ပြ အလုပ်ကို လက်ခံခဲ့တာလို့ ဂျော်ဂျီဂျေးဇူး ပြောကြား

Photo: Al Nassr

အယ်လ်နာဆာအသင်းနည်းပြဖြစ်လာတဲ့ ဂျော်ဂျီဂျေးဇူးက အခုအလုပ်ကို စီရော်နယ်လ်ဒိုကြောင့် လက်ခံခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းက ဂျော်ဂျီဂျေးဇူးအား နည်းပြအဖြစ် ခန့်အပ်မှုကို ပြီးခဲ့တဲ့တနင်္လာနေ့က အတည်ပြုကြေညာခဲ့ပါတယ်။

ဂျော်ဂျီဂျေးဇူး(၇၀ နှစ်)ဟာ အယ်လ်နာဆာအသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

''ခရစ္စတီယာနိုရော်နယ်လ်ဒို မရှိရင် ကျွန်တော် ဒီကို ရောက်မလာဘူးဆိုတာ သေချာပါတယ်။ ဒီစေ့ဆော်မှုက မြင့်မားပါတယ်။ အယ်လ်နာဆာအသင်းက ဆုဖလားတွေ ဆွတ်ခူးဖို့ လိုအပ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုလိုပေါ့။
သူကစားတဲ့ ကလပ်အသင်းတွေမှာ အရာရာအောင်မြင်ခဲ့သူပါ။ ဒီမှာတော့ သူ ဘာကိုမှ လက်တွေ့ကျကျ မလုပ်ဆောင်ပြရသေးပါဘူး။ ဒါကြောင့် ကျွန်တော် သူ့ကို ကူညီနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့က ဘာသာစကားလည်း
တူတယ်။ ဒါက လွယ်ကူစေပြီး ကျွန်တော်တို့က ပေါ်တူဂီသားတွေပါ''လို့ ဂျော်ဂျီဂျေးဇူးက ပြောခဲ့ပါတယ်။

ဂျော်ဂျီဂျေးဇူးဟာ ဆော်ဒီမြေမှာ နည်းပြအဖြစ် တတိယအကြိမ်မြောက် လုပ်ကိုင်မှာဖြစ်တယ်။

ယခင်နှစ်ကြိမ်ကတော့ ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလာအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group