Eleven Media Group

■ Puma နဲ့ ပရီးမီးယားလိဂ်စံချိန်တင် ပေါင် (၁) ဘီလီယံတန် စပွန်ဆာစာချုပ် မန်စီးတီးအသင်း ချုပ်ဆို

Photo: Getty Images

မန်စီးတီးအသင်းဟာ ဂျာမန်နာမည်ကျော်အားကစားပစ္စည်းထုတ်လုပ်ရေးကုပ္မဏီ Puma နဲ့ ပေါင် (၁) ဘီလီယံတန် စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ Puma နဲ့ ၂၀၁၉ ခုနှစ်မှာ စတင်လက်တွဲခဲ့ပြီး အဲဒီကတည်းက ကွင်းအတွင်း အောင်မြင်မှုတွေများစွာ ရရှိခဲ့တာပါ။

ဒါကြောင့် မန်စီးတီးအသင်းဟာ Puma နဲ့ စပွန်ဆာစာချုပ်ကို ၂၀၃၅ ခုနှစ်အထိ (၁၀) နှစ် သက်တမ်းတိုးခဲ့ပြီး အရင်က တစ်နှစ်ကို ပေါင် (၆၅)သန်းသာ ရရှိခဲ့ပေမဲ့ စာချုပ်သစ်အရ တစ်နှစ်ကို ပေါင် (၁၀၀) ရရှိမှာဖြစ်ပြီး (၁၀) နှစ်စာအတွက် ပေါင် (၁) ဘီလီယံ ရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အရင်က ပရီးမီးယားလိဂ်မှာ ဝတ်စုံစာချုပ်စပွန်ဆာကြေးအမြင့်ဆုံးအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက တစ်နှစ်ကို ပေါင်သန်း (၉၀) နဲ့ ရပ်တည်နေတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၃ ခုနှစ်က Adidas နဲ့ (၁၀) နှစ်သက်တမ်းရှိ ပေါင်သန်း (၉၀၀) တန် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အခု မန်စီးတီးအသင်းက မန်ချက်စတာမြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်မှာ တန်ဖိုးအမြင့်ဆုံးစပွန်ဆာ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။

လက်ရှိ ဘောလုံးလောကမှာ ဝတ်စုံစပွန်ဆာကြေးအမြင့်ဆုံးရအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်အသင်းက ထိပ်ဆုံးမှာ ရပ်တည်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းက Adidas ဆီက တစ်နှစ်ကို ပေါင်သန်း (၁၁၀) အထိ ရရှိနေတာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group