Eleven Media Group

■ လူးဝစ်ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပေါင် (၅၈.၆) သန်းနဲ့  ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း ပယ်ချ

Photo: Getty Images

လီဗာပူးလ်အသင်းဟာ အသင်းတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အတွက် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပေါင် (၅၈.၆)သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဇူလိုင်လအစပိုင်းမှာ ဒီယက်ဇ်ကို ခေါ်ယူဖို့ စတင်ချဉ်းကပ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက လီဗာပူးလ်အသင်းက ဒီယက်ဇ်ကို ရောင်းမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့တာပါ။

ဒါပေမဲ့ ဒီယက်ဇ်ဟာ အခုနွေမှာ အသင်းပြောင်းရွှေ့လိုနေတယ်လို့ သတင်းထွက်နေပြီး လီဗာပူးလ်အသင်းအနေနဲ့ မဖြစ်မနေရောင်းချရမယ်ဆိုရင် သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၈၇) သန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၈) နှစ်အရွယ် ကိုလံဘီယာတိုက်စစ်ကစားသမား ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ (၅၀) မှာ (၁၇) ဂိုးသွင်းယူခဲ့တာပါ။

ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အပြင် ဆော်ဒီကလပ်တွေကလည်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အခုနွေမှာ ဒီယက်ဇ်နဲ့ ဒါဝင်နူးနက်ဇ်တို့ကို ရောင်းထုတ်ဖြစ်ခဲ့မယ်ဆိုရင် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို အစားထိုးခေါ်ယူဖို့ ချဉ်းကပ်နေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group