Eleven Media Group

■ ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်း စောင့်ကြည့်နေ

Photo: Getty Images

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။

အသက် (၂၄) နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူး ဂျက်ဆန်ဟာ ဒီလပ်နဲ့ ဂျော်အိုပတ်ဒရိုတို့ ရောက်လာတာကြောင့် ချယ်လ်ဆီးအသင်းမှာ အနာဂတ်မတည်မငြိမ် ဖြစ်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဂျက်ဆန်ကို အခုနွေမှာ ထိုက်တန်တဲ့ ကမ်းလှမ်းမှု ရှိလာရင် ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။

လက်ရှိမှာ ဂျက်ဆန်ကို ခေါ်ယူဖို့ အေစီမီလန်နဲ့ အက်စတွန်ဗီလာအသင်းတို့က စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူ့ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။

ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ချယ်လ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ (၈၁) ပွဲမှာ ဂိုး (၃၀) သွင်းယူခဲ့တာပါ။ ဒါပေမဲ့ ဒီလပ်နဲ့ ဂျော်အိုပတ်ဒရိုတို့ ရောက်ရှိလာပြီးနောက်မှာ သူ့အနေနဲ့ ချယ်လ်ဆီးမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂျက်ဆန်ကို ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရမှသာ ရောင်းထုတ်မှာဖြစ်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group