Eleven Media Group

■ အီဆက်ခ်ကို မရောင်းဘူးလို့ လီဗာပူးလ်ကို နယူးကာဆယ်အသင်း အကြောင်းပြန်

Photo: Getty Images

နယူးကာဆယ်အသင်းက သူတို့အသင်းရဲ့ အဓိကတိုက်စစ်မှူး အီဆက်ခ်ကို မရောင်းဘူးလို့ လီဗာပူးလ်အသင်းထံ အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းသည် အသက် (၂၅) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း (၁၃၀) တန် Package နဲ့ ကမ်းလှမ်းဖို့ နယူးကာဆယ်အသင်းကို ချဉ်းကပ်ခဲ့တာပါ။

ဒါပေမဲ့ နယူးကာဆယ်အသင်းက အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အီဆက်ခ်ကို မရောင်းဘူးလို့ လီဗာပူးလ်အသင်းကို အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းတာဝန်ရှိသူတွေဟာ အခုနွေမှာ အီဆက်ခ်ကို လုံးဝရောင်းထုတ်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း နယူးကာဆယ်အသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး ပေါင်သန်း (၇၀) နဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမဲ့ လက်မလျှော့သေးဘူးလို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group