Eleven Media Group

■ အေဂျက်စ်နောက်ခံလူ ဟာတိုကို ခေါ်ယူဖို့ ပေါင်သန်း (၄၀) နဲ့ ချယ်လ်ဆီးအသင်း ကမ်းလှမ်း

Photo: Getty Images

ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချယ်လ်ဆီးအသင်းဟာ အေဂျက်စ်နောက်ခံကစားသမား ဟာတိုကို ခေါ်ယူဖို့ ပေါင်သန်း (၄၀) နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အသက် (၁၉) နှစ်အရွယ် နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမား ဟာတိုဟာ ဘယ်နောက်ခံနေရာမှာသာမက ဗဟိုနောက်ခံလူအဖြစ်ပါ ကစားနိုင်သူ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူကာ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

talkSPORT ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းက ဟာတိုအတွက် ပေါင်သန်း (၄၀) ပေးမယ်လို့ နှုတ်အားဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ပြီး အေဂျက်စ်အသင်းကတော့ သူတို့ကစားသမားအတွက် ပေါင်သန်း (၆၀) အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းက ဟာတိုကို အသင်းဘယ်နောက်ခံကစားသမား ကူကူရယ်လာရဲ့ အရန်အဖြစ် အသုံးပြုဖို့ အလိုရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group