Eleven Media Group

■ အီကီတိုက်ကို ပေါင် (၈၆) သန်းရမှ ရောင်းမယ်လို့ ဖရန့်ဖတ်အားကစားဒါရိုက်တာ ဆို

Photo: Getty Images

ဖရန့်ဖတ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ခရိုချီက အသင်းတိုက်စစ်မှူး အီကီတိုက်ကို ပေါင် (၈၆) သန်းရမှသာ ရောင်းချမယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် (၂၃) နှစ်အရွယ် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အီကီတိုက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဖရန့်ဖတ်အသင်းအတွက် ဘွန်ဒစ်လီဂါ (၃၃) ပွဲမှာ (၁၅) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ခဲ့တာပါ။

ဒါကြောင့် သူ့ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး လက်ရှိမှာ နယူးကာဆယ်နဲ့ လီဗာပူးလ်အသင်းတို့က အပြိုင်ကြိုးပမ်းနေကြတယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းဟာ အီကီတိုက်ကို ခေါ်ယူဖို့ ပေါင်သန်း (၇၀) နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဖရန့်ဖတ်အသင်းက ပယ်ချခဲ့ပြီး အသင်းအားကစားဒါရိုက်တာ ခရိုချီက ပေါင် (၈၆) သန်းရမှ ရောင်းချမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ပြီးနောက် အီကီတိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group