
ဘာစီလိုနာအသင်းဟာ အသင်းလူငယ်ကြယ်ပွင့်ကစားသမား ယမားလ်ရဲ့ ပြင်ပနေထိုင်မှုပုံစံအပေါ် စိတ်ပူနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
စပိန်လက်ရွေးစင်တိုက်စစ်ကစားသမား ယမားလ်ဟာ ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့ပွဲ လူပုလေးတွေနဲ့ ရင်သားကြီးတဲ့ အမျိုးသမီးတွေကို ဖိတ်ကြားကာ ပျော်ပါးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
လက်ရှိမှာ စပိန်အစိုးရရှေ့နေတွေက ယမားလ်ရဲ့ မွေးနေ့ပါတီက အဖြစ်အပျက်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ကစားသမားအနေနဲ့ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
ဒါ့ပြင် ယမားလ်ဟာ သူ့ထက် အသက် (၁၂) ကြီးတဲ့ ဖာတီဗက်ဇ်ကေးဆိုသူ အမျိုးသမီးတစ်ဦးနဲ့အတူ အပန်းဖြေခရီးအတူထွက်ခဲ့သလို ချစ်ကြိုက်နေတယ်လို့လည်း သတင်းတွေထွက်ခဲ့တာပါ။
ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ ယမားလ်ရဲ့ ဘောလုံးကွင်းပဘဝ နေထိုင်မှုပုံစံကို စိုးရိမ်နေပြီး သူ့ရဲ့ Idol ဖြစ်သူ နေမာလို ဖြစ်သွားမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။
ယမားလ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုထားပြီး လက်ရှိမှာ အသင်းနဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။