Eleven Media Group

■ ဂါနာချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် (၃) သင်းအပြိုင် စိတ်ဝင်စား

Photo: Getty Images

အခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်း (၃) သင်းက အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

အသက် (၂၁) နှစ်အရွယ် ဂါနာချိုဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ နည်းပြ အာမိုရင်မ်ကို လူသိရှင်ကြားဝေဖန်ခံတာကြောင့် အခုနွေမှာ အသင်းသစ် ရှာဖွေဖို့ ညွှန်ကြားခံရသူ ဖြစ်ပါတယ်။

ဗြိတိန်သတင်းစာ Daily Mail ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ဂါနာချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါးနဲ့ အက်စတွန်ဗီလာအသင်းတွေက အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ဂါနာချိုကို ခေါ်ယူဖို့ အဲဒီပရီးမီးယားလိဂ်ကလပ်အသင်း (၃) သင်းအပြင် စီးရီးအေလက်ရှိချန်ပီယံ နာပိုလီအသင်းနဲ့ လာလီဂါထိပ်သီး အက်သလက်တီကိုအသင်းတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ဂါနာချိုအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ကစားလိုနေတယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါနာချိုကို ပေါင်သန်း (၇၀) စျေးနှုန်းသတ်မှတ်ထားပေမဲ့ အဲဒီစျေးကို လျှော့ချပေးမှသာ ရောင်းထွက်ဖွယ်ရှိတယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

မူရင်းသတင်း — Eleven Media Group