
မန္တလေးမြို့တွင် Tiktok ဆော့ရင်း နှစ်ထပ်တိုက်ပေါ်မှ ပြုတ်ကျသဖြင့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးမြို့အခြေစိုက် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဇူလိုင် ၁၆ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးမြို့ ၄၅×၄၆ ကြား ၁၁၄ လမ်းရှိ နှစ်ထပ်တိုက်ပေါ်မှ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ Tiktok ဆော့ရင်း ပြုတ်ကျသဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါအသင်းထံ အကူအညီတောင်းခံခဲ့ရာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် မိန်းကလေးငယ်ကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။