
နာမည်ကျော် Rapper တစ်ဦးဖြစ်တဲ့ Snoop Dogg ဟာ ဆွမ်ဆီးအသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်လာကြောင်း သိရပါတယ်။
Snoop Dogg ဟာ ဆွမ်ဆီးအသင်းရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူခဲ့တာကြောင့် အခုလို ပူးတွဲပိုင်ရှင်တစ်ဦးအဖြစ် စာရင်းဝင်သွားခဲ့တာဖြစ်ပြီး ဝယ်ယူခဲ့တဲ့ ရှယ်ယာတန်ဖိုးကိုတော့ ဆွမ်ဆီးအသင်းက မဖော်ပြခဲ့ပါဘူး။
ဝေးလ်စ်ကလပ် ဆွမ်ဆီးစီးတီးအသင်းဟာ လက်ရှိအချိန်မှာ အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေပါတယ်။
Snoop Dogg (၅၃ နှစ်) ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆွမ်ဆီးအသင်း ၂၀၂၅-၂၆ ရာသီအတွက် ဝတ်စုံသစ်မိတ်ဆက်ရာမှာ အံ့အားသင့်ဖွယ်ပါဝင်ခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်လာပြီလို့ ဆွမ်ဆီးအသင်းက အတည်ပြုကြေညာလိုက်တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အေစီမီလန်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ၀ါရင့်ခရိုအေးရှားကစားသမား မိုဒရစ်ကလည်း ပြီးခဲ့တဲ့ ဧပြီလမှာ ဆွမ်ဆီးအသင်းရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူပြီး ပူးတွဲပိုင်ရှင်တစ်ဦးအဖြစ် ရပ်တည်နေပါတယ်။
Snoop Dogg က သူဟာ ဘောလုံးကို ချစ်တဲ့သူဖြစ်ကြောင်းနဲ့ ဆွမ်ဆီးအသင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာတဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။