
အယ်လ်နာဆာအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ၂၀၂၄- ၂၀၂၅ ရာသီ ဆော်ဒီပရိုလိဂ်ရဲ့ အကောင်းဆုံးဆုနှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၄၀ ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၂၄-၂၀၂၅ ရာသီ အကောင်းဆုံးဆုပေးပွဲအခမ်းအနားမှာ ပရိသတ်တွေရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့တာပါ။
ပရိသတ်တွေ ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုက တစ်ရာသီအတွင်း ပွဲစဉ်အလိုက်အကောင်းဆုံးဆု အကြိမ်အများဆုံး ရရှိတဲ့သူကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုက ပြီးခဲ့တဲ့ရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲမှာ ပွဲ ၃၀ ပါဝင် ကစားခဲ့တဲ့အနက် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ၁၅ ကြိမ်အထိ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ပွဲစဉ် ၂၇ အဖြစ် အယ်လ်ရီယာ့ဒ်အသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲက သွင်းဂိုးနဲ့ အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ပြည်တွင်းဆုဖလားအောင်မြင်မှု ရယူနိုင်ခြင်းမရှိသေးပေမဲ့ ဆော်ဒီလိဂ် ဂိုးသွင်းအများဆုံးကစားသမားဆုကို ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ နှစ်ရာသီဆက်တိုက် ဆွတ်ခူးရရှိထားပါတယ်။